4in1 Windows 8 ကို နိုင်ငံခြား ဝဘ်ဆိုဒ်တခုကနေ ရှာတွေ့ထားတာပါ..
ဖိုင်တခုလုံးကို 3.48 GB ရှိပါတယ်.. ကျနော်ကိုယ်တိုင်
ဒေါင်းယူစမ်းသပ်ပြီးပါပြီ.. အခုကျနော့်စက်မှာ ဒီ Windows 8 တင်ထားပါတယ်..
ကျန်ခဲ့တဲ့ ရက်တွေကတည်းက Windows 8 ကို ဒေါင်းယူ စမ်းသုံးနေတာ.. အတော်လေး
အဆင်ပြေပါတယ်.. Windows 7 ထက်သာတာတခုကတော့ အဖွင့်၊အပိတ် (Start up နဲ့ Shut
Down ) Windows 8 က ပိုမြန်ပါတယ်.. အခု Windows 8 RTM AIO ဗါးရှင်းကို
ပြောတာပါ.. တခြား ဗါးရှင်းတွေတော့ ဘယ်လိုနေမလဲ မသိသေး.. ကျနော်ဒီ Version
ကို Full သုံးလို့ ရမယ့် Activator တွေ လိုက်ရှာနေတာ တော်တော်များများ
ရထားပြီးပါပြီ.. အဲ့ထဲကမှ အဆင်ပြေတာလေးကို ရွေးပြီး တင်ပေးသွားပါမယ်.. ဒီ
Windows 8 ISO ဖိုင်မှာ 4in1 ဆိုပေမယ့် ပါတာက ၂မျိုးပါပဲ.. အဲ့ဒါကို 32-bit
နဲ့ 64-bit ခွဲလိုက်တော့ ၄မျိုးဖြစ်သွားတာပါ.. ဒီဖိုင်ကို တင်ပေးထားတဲ့
စေတနာရှင်ရဲ့ သတ်မှတ်ထားတဲ့ အတိုင်း 4in1 လို့ပဲ ပြန်ရေးပေးလိုက်တာပါ..
အသုံးပြုလို့ ရတဲ့ Windows 8 Version တွေကတော့ အပေါ်ပုံမှာ ရေးပေးထားတဲ့
အတိုင်း EnterPrise နဲ့ Professional ၂မျိုးပါပဲ.. ဒီဖိုင်ကို
တင်ပေးထားတဲ့သူက WinRAR နဲ့ချုပ်ပြီး၊ Password ခံတင်ပေးထားတာ ဖြစ်တဲ့
အတွက် ဖိုင်ဖြည်တဲ့ အခါမှာ သူပေးထားတဲ့ Password ကိုထည့်ပေးလိုက်ရင်
ဒီဖိုင်ကို အသုံးပြုလို့ ရသွားပါပြီ.. ဖိုင်ဖြည်တဲ့အခါ Password
ထည့်တတ်အောင် အောက်မှာ ပုံလေးနဲ့ပါ ပြပေးထားပါတယ်..
ဖိုင်ဖြည်ပြီးသွားတဲ့ အခါ ရလာတဲ့ Windows 8 ISO ဖိုင်ကို မိမိတို့
နှစ်သက်ရာ Burning Tools တွေနဲ့ DVD ခွေကူးထားလိုက်ရင် အဲ့ဒီအခွေနဲ့
Windows 8 ကို Windows 7 တင်နည်းအတိုင်း ဝင်းဒိုးတင်ပြီး အသုံးပြုလို့
ရသွားပါပြီ.. ကျနော်ကတော့ Windows 7 ထဲမှာ ပါတဲ့ Windows Disc Image Burner
နဲ့ အခွေကူးပါတယ်.. Verfy Disc Data နေရာမှာ အမှန်ခြစ်ပေးပြီး
ခွေကူးပါတယ်.. အားလုံး အဆင်ပြေပါတယ်.. ဒီဖိုင်ကို ဒေါင်းယူတဲ့လူကလည်း
မိမိတို့ အားသန်ရာ Burning Tools တွေနဲ့ ခွေကူးနိုင်ပါတယ်.. အရေးကြီးတာက
ဒီ Windows 8 ISO ဖိုင်ကို ခွေကူးတဲ့အခါ Bootable ဖြစ်ဖို့အတွက် Verfy
Disc Data စာသားနေရာမှာ အမှန်ခြစ်ပေးပြီးမှ အခွေကူးဖို့ သတိပြုပါ.. ဒီကောင်လေးကို
ဖိုင်ဖြည်တဲ့အခါမှာ ဒီအောက်က PassWord ကို copy ယူပြီးထည့်ပေးမှ
ဒီဖိုင်ကို ဖြည်လို့ရမှာပါ.. www.oxava.com ဒီ Windows 8 4in1 ဖိုင်ကို
ဒေါင်းယူလို့ရတုန်း အမြန်ဒေါင်းယူထားကြပါ.. ဒီလင့်က သိပ်မကြာခင်
အဖျက်ခံရမှာပါ..
(21.4.2013။ ။ဒီနေ့ရေးထားခဲ့တဲ့ Comment လေး.. စေတနာပါရင် Direct Link နဲ့ ချိတ်ပေးလိုက်ပါ.. ဆိုတဲ့ Centre King ရဲ့ Comment လေးကြောင့် စိတ်မကောင်းဖြစ်ရပါတယ်..။ Windows 8 (4in1) နဲ့ Windows 8 (16in1) လင့်တွေကို ပြန်ရှာနေတာ ကြာပါပြီ..။ ဒီဝင်းဒိုး ISO ဖိုင်တွေကို တင်ပေးထားတဲ့ မူရင်းဆိုဒ်က အဖျက်ခံလိုက်ရပါပြီ..။ ဒီလင့်ကနေ ဝင်ကြည့်နိုင်ပါတယ်..။ www.oxava.com ။ ဒါကြောင့်ပဲ ဒီလင့်တွေကို ပြန်ပြင်ပေးဖို့ မရတော့တာပါ..။ လိုအပ်ရင်တော့ Microsoft က ဒါရိုက်ပေးထားတဲ့ တခြား Windows 8 (90 days) အခွေကို ဒီလင့်ကနေ ဝင်ယူလို့ ရပါတယ်..။ Windows 7 (All in One) ၊ Windows 8 (4in1) နဲ့ Windows 8 (16in1) အခွေတွေက Microsoft က ပေးတာ မဟုတ်ဘူးဆိုတာတော့ သိထားဖို့ လိုပါတယ်..။ Microsoft ကမဟုတ်တဲ့ တခြား အပြင်က ပညာရှင် (ဟတ်ကာ) တွေက ပြန်လည် ဖန်တီးပေးထားတယ်ဆိုတာလည်း ဗဟုသုတအနေနဲ့ သိထားသင့်ပါတယ်..။ ဟတ်ကာရန် ကြောက်ရင်တော့ ဒီအခွေတွေနဲ့ ဖရီးဆော့ဝဲလ်တွေ မသုံးပါနဲ့..။ ကျနော်တို့လို မျှဝေပေးနေတဲ့ သူတွေကို အပစ်တင်မယ့်အစား မိမိကိုယ်ကို ဗဟုသုတရှိအောင် အရင်ကြိုးစားသင့်ပါတယ်..။ ဒါမှသာ အကောင်းမြင်တတ်လာမှာပါ..။ ဒီအောက်ကလင့်တွေကနေလည်း ဒီဝင်းဒိုးအခွေတွေကို ဒေါင်းယူလို့ မရတော့ပါဘူး..။ လင့်တွေအားလုံး ပျက်ကုန်ပါပြီ..။ နောက်ပိုင်းမှာ တခြားဆိုဒ်တွေက ပြန်တင်ပေးခဲ့ရင်တော့ ကျနော် ပိုစ့်တင်ပေးပါအုန်းမည်..။ 4 GB လောက်ရှိတဲ့ ဝင်းဒိုးအခွေကို ကျနော်သုံးနေတဲ့ Connection နဲ့ ပြန်တင်ပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါ..။ 100 MB လောက်ဆိုရင်ပဲ ကျနော့် Connection နဲ့ အတော်ကြာကြာ Upload တင်နေရတာပါ..။ အားလုံးပဲ ဒေါင်းလို့မရတော့တဲ့ ဆော့ဝဲလ်တွေအတွက် ကျနော့်ကို နားလည်ပေးနိုင်ကြပါစေဗျာ..။
Download

ဒီဖိုင်ကို ကျနော် Internet Download Manager နဲ့ ဒေါင်းယူပါတယ်.. IDM က
အသုံးပြုရတာလည်း လွယ်တယ်.. ဖိုင်တွေ ဒေါင်းယူတဲ့ အခါမှာ မြန်ပြီး၊
ပြတ်ကျသွားရင်လည်း ပြန်ဆက်ဒေါင်းယူလို့ အဆင်ပြေတဲ့ အတွက် IDM နဲ့
ဒေါင်းယူပါတယ်..
အောက်မှာပြထားတဲ့ ပုံလေးတွေကတော့ ဒီဖိုင်ကို ဖိုင်ဖြည်တဲ့ အခါ Password
ထည့်ပြီး ဖိုင်ဖြည်ပြထားတာပါ..။ မသိသေးတဲ့သူများကတော့ အောက်မှာ
ဆက်ကြည့်ပေးပါ..
အောက်ဆုံးပုံမှာ 3.83 GB ရှိတဲ့ Windows 8 ISO ဖိုင် ရလာပါပြီ..
နောက်ရက်တွေမှာ Windows 8 နဲ့ ပါတ်သက်တာလေးတွေ တင်ပေးသွားပါအုန်းမယ်..
ဒီ Windows 8 ISO ဖိုင်ကို ကျနော် DVD ခွေနဲ့ပြန် Burn တာ
အောက်ကပုံလေးအတိုင်းပါ.. ဝင်းဒိုးထဲမှာ ပါတဲ့ Windows Disc Image Burner
နဲ့ DVD ခွေကူးပါတယ်..
အောက်ကပုံအတိုင်း ပေါ်လာရင် အမှန်ခြစ်လေး ထည့်ပြီးမှ DVD ခွေ အသစ်နဲ့
ကူးပါတယ်.. DVD ခွေထည့်ပြီးရင်တော့ Burn ကိုနှိပ်လိုက်ပါ..
အခွေကူးပေးပါလိမ့်မယ်..။ အခွေကူးပြီးရင် သူ့ဖါသာ အခွေပြန်ထွက်လာတာကို
စောင့်နေလိုက်ပါ.. အားလုံးပြီးသွားရင် သူ့ဖါသာ အခွေကန်ထုတ်ပေးပါလိမ့်မယ်..
ဒါဆိုရင် ဒီ Windows 8 ISO ကို DVD ခွေနဲ့ ရလာပြီ ဖြစ်တဲ့ အတွက် မိမိတို့
စက်ကို Windows 7 တင်နည်းအတိုင်း ဝင်းဒိုးတင်လို့ ရသွားပါပြီ.. Windows 7
မှာ Drivers တွေပျောက်တတ်ပေမယ့် Windows 8 တင်တဲ့ အခါမှာတော့ Drivers တွေ
ကျနော့်စက်မှာ ပျောက်မသွားပါဘူး..
Windows 8 အခွေနဲ့ အသုံးပြုပြီး အားလုံးပဲ အဆင်ပြေကြပါစေ..
System Requirements
Windows 8 works great on the same hardware that powers Windows 7:
Processor: 1 gigahertz (GHz) or faster
RAM: 1 gigabyte (GB) (32-bit) or 2 GB (64-bit)
Hard disk space: 16 GB (32-bit) or 20 GB (64-bit)
Graphics card: Microsoft DirectX 9 graphics device with WDDM driver
Additional requirements to use certain features:
To use touch, you need a tablet or a monitor that supports multitouch.
To access the Windows Store and to download and run apps, you need an active Internet connection and a screen resolution of at least 1024 x 768.
To snap apps, you need a screen resolution of at least 1366 x 768.
Internet access (ISP fees might apply)ခုလိုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်...လိုအပ်တာများရှိပါက ..CBox..မှာပြောကြားနိုင်ပါတယ်.အတတ်နိုင်ဆုံးကြိုးစားဖြေကြားပေးပါ့မယ်

No comments:
Post a Comment