သူငယ်ချင်းတို့ ဖုန်းအဖွင့်အပိတ်မှာ
နဂိုပါတဲ့ဒဇိုင်းဟောင်းကြီးကို ပြောင်းပစ်ပြီး ဒဇိုင်းဆန်းဆန်းလေးနဲ့
ကြိုက်နှစ်သက်တဲ့ လိုဂိုဒဇိုင်းလေး ထားကြမယ် ဖုန်းအဖွင့်အပိတ်မှာလည်း နဂို
ကလုံးလုံးဆိုတဲ့ အသံအစား သူငယ်ချင်းတို့ ကြိုက်တဲ့
သံစဉ်လေးတွေအစားထိုးကလိကြမယ်ဗျာ လိုအပ်တာလေးတွေအရင်ဒေါင်းရအောင်ဗျာ
Aungkyaw
လုပ်နည်းလေးကို
လွယ်ကူအောင် ပုံလေးနဲ့ ကျွန်တော်ရှင်းပြပေးမယ်နော် လိုအပ်တာထက် ဖုန်းမှာ
root ပေါက်ထားပြီးသားတော့ ဖြစ်ဖို့လိုတယ်နော် ဆော့ဝဲကတော့ ဒီမှာ အကုန်လုံးစုပေးထားပါတယ်
အပေါ်ကပြထားသလို
အဖွင့်အပိတ်မှာ ကြိုက်တဲ့ပုံစံလေးတွေပြောင်းမှာပေါ့ဗျာ ကျွန်တော်ကတော့
အပေါ်ကလိုဂိုဖိုဒဇိုင်း floder နှစ်ခုပေးတင်ပေးထားပါတယ်
သူငယ်ချင်းကြိုက်နှစ်သက်တဲ့ လိုဂိုပြောင်းထားချင်ရင်တော့
ဆော့ဝဲလေးတင်ပေးထားပါတယ် ဆော့ဝဲလေးကိုဒေါင်းယူပြီး
မိမိကြိုက်တဲ့ဒဇိုင်းလေးတွေဒေါင်းလုပ်ဆွဲယူပြီးအသုံးပြုနိုင်ပါတယ်
ပုံစံလေးတွေပါဖော်ပြထားတော့ကြိုက်တဲ့ဒဇိုင်းကို
လွယ်ကူစွာရွေးချယ်နိုင်ပါတယ်
(၁) ဖုန်း LOGO
ပြောင်းနည်းလေးအရင်လုပ်ကြမယ် ပထမဆုံး ဆော့ဝဲလေးတွေတော့
ဒေါင်းပြီးပြီးလို့တော့ ထင်ပါတယ် Root Expoler ကိုဖွင့်လိုက်ပါ box
လေးတတ်လာရင်တော့ Allow ဆိုတာကို နှိပ်ပေးလိုက်ပါ ဖွင့်ပြီးရင်တော့ system
ဆိုတာကိုရှာပါ တစ်ချို့ဖုန်းတွေမှာတော့ cust ဆိုတာမှာဝင်ရောက်ရမှာဖြစ်ပါတယ်
1
,2 ကိုအဆင့်လိုက်နှိပ်သွားပါ ပုံမှာပြထားတာတော့ cust
နဲ့ကျွန်တော်ပြထားပါတယ် ဝင်ကြည့်လိုက်ပါ media ကိုဝင်ပါ 3,4
မှာပြထားတဲ့ပုံစံစာမျက်နှာမျိုးပေါ်ရမှာပါ မပေါ်ရင်တော့ နောက်ကိုပြန်ဆုတ်ပြီး
cust စာမျက်နှာမှာ system ဆိုတာကိုရှာဝင်လိုက်ပါ 3,4
စာမျက်နှာတော့ရောက်ပြီးဆိုရင်တော့ 3,4 ဘေးက လေးထောင်းအကွက်လေးမှာ
အမှန်ချစ်ပေးလိုက်ပြီး ဖျတ်ပစ်ရမှာပါ အဲ့ဒီနေရာမှာ သူငယ်ချင်းတို့
အသစ်ထဲ့ချင်တဲ့ ဒဇိုင်းလိုဂိုအစားထိုးအသုံးပြုရမှာဖြစ်ပါတယ် ကဲ
ဖျတ်လိုက်ကြရအောင် အောက်ကပုံလေးတွေကြည့်လိုက်ပါ
ရောက်လာတဲ့
folder နှစ်ခုကို အမည်ပြောင်းရမှာဖြစ်ပါတယ် ဖျတ်ထုတ်လိုက်တဲ့ folder
အမည်ကိုပြန်ပေးရမှာဖြစ်ပါတယ် အခက်ပါဘူး ရောက်လာတဲ့အသစ် folder နှစ်ခုမှာ
သူငယ်ချင်းတို့အနေဖြင့် ရွေးချယ်ရမည့်အပိုင်းရောက်လာပြီး ဒီနေရာမှာ
သူငယ်ချင်းတို့အနေနဲ့ ဘယ် LOGO ဒဇိုင်းကိုတော့
စက်ဖွင့်ဖွင့်ခြင်းလေးမှာထားမယ် ပိတ်သွားတဲ့နေရာမှာ
ဘယ်လိုဒဇိုင်းပုံစံလေးနဲ့ထားမယ်ပေါ့ ကျွန်တော်အပေါ်မှာပြထားတဲ့
ပုံနှစ်ခုပေါ့ အဖွင့်မှာ ပန်းသီးပုံလေးနဲ့အလင်းရောင်ဖျာထွက်လာတဲ့
ပုံစံလေးထားမယ် ပိတ်တဲ့နေရာမှာတော့ HTC Android ပုံစလေးထားမယ်ပေါ့
ဒါမှဟုတ်သူငယ်ချင်းတို့ ကြိုက်နှစ်သက်တဲ့ ဒေါင်းလုပ်ဆွဲထားတဲ့
ဒဇိုင်းကိုထဲ့မယ်ပေါ့ ရွေချယ်ရမှာပါ ဖုန်းအဖွင့်မှာ ထားချင်ရင်တော့
ထားချင်တဲ့ ဒဇိုင်း folder လေးကို bootanimation.zip
လို့အမည်ပေးပြောင်းပေးလိုက်ပါ ဖုန်းအပိတ်မှာထားချင်ရင်တော့
shutdownanimation.zip လို့အမည်ပြောင်းပေးလိုက်ပါ
အောက်မှာပုံလေးကိုကြည့်လိုက်အုန်းနော်
အမည်ပြောင်းပြီးသွားရင်တော့
ဖုန်းကို restart ချကြည့်လိုက်ပါ သူငယ်ချင်းပြောင်းလိုက်တာမှန်ရင်တော့
ပေါ်လာပါလိမ့်မယ် သီချင်းသံမပြောင်းရသေးတဲ့အတွက်တော့
ကလုံးကလုံးပဲအော်နေအုန်းမှာပါပဲ သီချင်းသံပြောင်းမယ်
ဆိုရင်လည်းဒီနည်းလမ်းလေးအတိုင်းပဲ
ထဲ့ချင်တဲ့သီချင်းကိုတော့ ogg ဖိုင်ဆိုက်ပြောင်းပေးရပါတယ်
ကျွန်တော်တင်ပေးထားတာတော့ အင်္ဂလိပ်သီချင်းကောင်းလေးတွေလုပ်ပေးထားပါတယ်
အဆင်သင့်အသုံးပြုလို့ရအောင်တင်ပေးထားပါတယ် သူငယ်ချင်းတို့ကြိုက်တဲ့
သံဇဉ်ပြောင်းချင်တယ်ဆိုလည်းရပါတယ်
မြားနှစ်ခုနောက်ဆုံးပုံမှာပြထားတဲ့ဟာနှစ်ခုကိုဖျတ်ထုတ်ပစ်ပါ ပြီးရင်တော့
သူငယ်ချင်းတို့ကြိုက်တဲ့ ပြောင်းထားတဲ့သံဇဉ်ကိုထဲ့လိုက်ပါ
သီချင်းမဖြတ်ခင်တော့ ဖျတ်လိုက်တဲ့ သီချင်းအမည်လေးကိုမှတ်ထားပါနော်
အဲ့အမည်ပြန်ပေးရမှာပါ တစ်အချို့ကတော့ bootaudio.mp3 ပါ တစ်ချို့စက်တွေကတော့
bootSound.ogg ပါနည်းလမ်းကအတူတူမို့ရှင်းမပြနေတော့ဘူးနော်
သီချင်းကတော့ဖုန်းတိုင်းရမယ်လို့တော့ ကျွန်တော်အာမမခံဘူးနော်
ဖုန်းကိုအဖွင့်အပိတ်လုပ်ကြည့်လိုက်ပါ လုပ်ကြည့်လို့မှ အသံထွက်တယ်ဆိုရင်တော့
ပြောင်းလို့ရပါတယ် ဒီလိုမှမဟုတ်ပြောင်းချင်တယ်ဗျာ ဘယ်လိုလုပ်မလဲဆိုရင်တော့
သူငယ်ချင်းဖုန်းရဲ့ Firmware ကိုကြည့်ပြီး အသစ်ပြန်တင်လိုက်ပါ
ဒါဆိုရင်တော့ ရပါတယ် ဒီနည်းလမ်းက အခန့်မသင့်ရင်တော့ Firmware ကြတတ်ပါတယ်
ဘာလို့လဲဆိုတော့ ဖုန်းရဲ့size ထက် logo size ကကြီးလွန်းနေရင်တော့
စက်ကမနိုင်ပဲ ပွင့်မလာတော့ပါဘူးဗျာ အခုတင်ပေးထားတဲ့ ဒဇိုင်းနှစ်ခုကတော့
ဖုန်းတိုင်းလိုလိုကိုက်ညီတာတွေ့ရပါတယ်
အသစ်အဆန်းနောက်ထက်လန်းတာထဲ့ချင်တာဆိုရင်တော့ firmware
ကိုဒေါင်းလုပ်ယူထားသင့်ပါတယ် လိုအပ်ချက်ဆိုတာတော့ အမြဲရှိနေမှာပါပဲ
ကျွန်တော်ပြေားတာလိုအပ်ချက်များရှိခဲ့လို့ မှားသွားခဲ့ရင်တော့
ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျာ ကျွန်တော်နည်းတူကလိချင်တဲ့
သူငယ်ချင်းများအတွက်ပါ အခက်ခဲများရှိခဲ့ရင်တော့ bohlaing820@gmail.com
ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ
အပေါ်ကဒေါင်းလုပ်လင့်မှာမရတဲ့ သူငယ်ချင်းများအတွက်
ဒီလင့်မှာဒေါင်းယူပါခုလိုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်...လိုအပ်တာများရှိပါက ..CBox..မှာပြောကြားနိုင်ပါတယ်.အတတ်နိုင်ဆုံးကြိုးစားဖြေကြားပေးပါ့မယ်

No comments:
Post a Comment