အောင်ကျော်ဘလော့မှာလာလည်သူမိတ်ဆွေအပေါင်းတို့ပန်းလိုမွှေးရေလိုအေးပြီးထာဝရရွှင်လန်းချမ်းမြေ့ကြပါစေသား။
HOME ANTIVIRUS ANDRIOD SOFTWARE GAME DOWNLOAD

Saturday, May 31, 2014

Samsung Galaxy S5 ကို Root လုပ်နည်း

Unknown | 3:45 AM | Best Blogger Tips
အပြည့်အစုံဖတ်ရန် >> http://www.myanmarmobileapp.com/2014/04/11/samsung-galaxy-s5-root/

Samsung Galaxy S5 ဖုန်း အမျိုး အစား သစ်ကို ၂၀၁၄ ဧပြီလ ၁၁ ရက်နေ့ ကမ္ဘာ့ နိုင်ငံ အသီး သီးမှာ
စတင် ရောင်းချလိုက် ပါပြီ။

အခုပြောပြချင် တာကတော့ Samsung Galaxy S5 ကို Root Access ရအောင် ပြုလုပ်ခြင်း ( Samsung
Galaxy S5 ကို Root လုပ်နည်း ဖြစ်ပါတယ်) လုပ်နည်းကို အောက်မှာ ဆက်လက် လေ့လာရအောင်...။

1. အရင်ဆုံး Samsung Galaxy S5 ကို ကွန်ပျူတာမှာ ချိတ်ဆက်ပြီး အလုပ် လုပ်လို့ ရစေဖို့ လိုအပ်တဲ့
USB Drivers ကို အောက်ကလင့်မှာ ရယူပါ။

firedrive
solidfiles

2. Settings >> Developer Options ထဲကိုဝင်ပြီး USB Debugging ကို on ထားပါ။

3. Firmware မတင်ခင်မှာ သင့်ရဲ့ ဖုန်းထဲက data များကို ကွန်ပျူတာ ထဲတွင် backup အနေဖြင့်ကြိုတင်
copy ကူး သိမ်းဆည်းထား သင့်ပါသည်။

4. ဖုန်းက အနည်းဆုံး 80 percent လောက် ဘက်ထရီအား ရှိနေ ရပါမယ်။

5. Root လုပ်ဖို့ လိုအပ်တဲ့ ဖိုင်များကို အောက်မှာ ပေးထားပြီး ယင်း Android CF-Auto-Root ဖိုင်များဟာ
Galaxy S5 SM-G900F အတွက်သာ ဖြစ်ပါတယ်။ အခြားဖုန်း မော်ဒယ်များတွင် အသုံးပြုရန် မဟုတ်ပါ။

Downloads Required

download from chainfire.eu

Downloads Odin 3.09

firedrive
solidfiles

Step 1: အပေါ်က link မှာ download ရယူခဲ့တဲ့ CF-Auto-Root ဇစ်ဖိုင် ထဲကနေ .tar.md5 format နဲ့
ဖိုင်ကိုထုတ်ပါ။ and Odin 3.09 ဇစ်ဖိုင် ထဲက Odin.exe ကိုလည်း ဇစ်ဖိုင်ထဲ ကနေ extract လုပ်ထား
ပါ။ ဇစ်ဖိုင်များကို ဖြည်ရာမှာ WinRAR, 7-Zip (သို့မဟုတ်) WinZip ကိုအသုံးပြုပါ။

Step 2: ဖုန်းကို ပါဝါပိတ် လိုက်ပါ။ ပြီးလျှင် Volume Down, Home နဲ့ Power ခလုတ်များကို တွဲနှိပ်ပြီး
Download Mode သို့ ၀င်ပါ။ Download Mode သို့ဝင်ရောက်ရန် Welcome Screen ပေါ်လာပြီဆိုရင်
တော့ Volume up ကိုနှိပ်၍ Download Mode သို့ ၀င်လိုက်ပါ။

Step 3: ကွန်ပျူတာမှာ ခုနကတုန်းက ဇစ်ဖြည်ပြီးရလာတဲ့ Odin.exe ကို run လိုက်ပါ။

Step 4: ဖုန်းနဲ့ ကွန်ပျူ တာနဲ့ကို usb ကြိုး အသုံးပြု၍ ချိတ်ဆက်ပါ။ ID: COM ဆိုတဲ့ နာမည်နဲ့ အကွက်
လေးထဲမှာ စိမ်းပြာရောင်လေး လင်းလာပြီ ဆိုရင် ဖုန်းကို ကွန်ပျူတာက detect သိနေပါပြီ။ Added ဆို
တဲ့ စာသားလေး ပေါ်လာ ပါမယ်။ အကယ်၍ မလင်းဘူး ဆိုရင်တော့ ဖုန်း driver ကို ကွန်ပျူတာ မှာ မှန်
ကန် စွာပြန်သွင်း လိုက်ပါဦး။

Step 5: Odin ဆော့ဝဲထဲက AP ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး ခုနတုန်းက ဇစ်ဖြည် ထားခဲ့တဲ့ CF-Auto-
Root-klte-kltexx-smg900f.tar.md5 ဖိုင်လေးကိုရွေးပေးလိုက်ပါ။

Step 6: Auto Reboot နဲ့ F. Reset Time ဆိုတဲ့ Option ၂ ခုကို အမှန်ခြစ် ထားမထားသေချာ စစ်ပါ။
မခြစ်ထားလျှင် အမှန်ခြစ်ထားပါ။ Re-Partition ဆိုတဲ့ option ကိုတော့ အမှန်ခြစ် ဖြုတ်ထား ရပါမယ်။

Step 7: ပြီးလျှင် Odin ဆော့ဝဲထဲက Start ခလုတ်ကိုနှိပ်ပါ။

Step 8: root installation process ပြီးသွားတာနဲ့ ဖုန်းက reboot ကျသွားပြီး PASS ဆိုတဲ့ စာသားလေး
ကို Odin ဆော့ဝဲမှာ မြင်ရ ပါမယ်။ ဒါဆိုရင် ကွန်ပျူတာ ကနေ ဖုန်းကို ဖြုတ်လို့ ရပါပြီ။

Android 4.4.2 တင်ထားတဲ့ Samsung Galaxy S5 SM-G900F ကို အောင်မြင်စွာ root လုပ်ပြီးဖြစ်ပါတယ်။

ခုလိုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်...လိုအပ်တာများရှိပါက ..CBox..မှာပြောကြားနိုင်ပါတယ်.အတတ်နိုင်ဆုံးကြိုးစားဖြေကြားပေးပါ့မယ်sai koko
>>>ဆက်ဖတ်ရန်>>> >>

Friday, May 23, 2014

ရှမ်းတိုင်းရင်းသားတွေအတွက် ရှမ်း Font နဲ့ ရှမ်း Keyboard

Unknown | 6:07 AM | Best Blogger Tips

ရှမ်းတိုင်းရင်းသားတွေအတွက် Android Device တွေမှာ အသုံးပြုနိုင်ဖို့ ရှမ်း Font နဲ့ ရှမ်း Keyboard ပါ...
ရှမ်းတိုင်းရင်းသားတွေအတွက် အဆင်ပြေစေမှာပါ.. အောက်မှာ ဒေါင်းယူနိုင်ပါတယ်..။
 
ခုလိုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်...လိုအပ်တာများရှိပါက ..CBox..မှာပြောကြားနိုင်ပါတယ်.အတတ်နိုင်ဆုံးကြိုးစားဖြေကြားပေးပါ့မယ် sai koko

Wednesday, May 21, 2014

Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူမလဲ....

Unknown | 3:46 AM | Best Blogger Tips
Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူမလဲ
Facebook ကို hack အလုပ်ခံရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဓိက အကြောင်း ရင်း ကတော့ ပေါ့ဆမှုကြောင့်ပဲ ဖြစ်ပါတယ်။
ဘယ်နည်းနဲ့ဖြစ်ဖြစ် အကယ်၍သာ သင့်ရဲ့ Facebook ကို hack လုပ်ခံလိုက်ရပြီ ဆိုရင်တော့ အောက်ပါ နည်း လမ်းများကို အသုံးပြုပြီး ပြန်လည်ရယူဖို့ ကြိုးစားဆောင်ရွက် ကြည့်နိုင်ပါတယ်။
နည်းလမ်း ၁ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မှတ်မိလျှင်)
အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - "My Account is Compromised" အား နှိပ်ပါ။
အဆင့် ၃ - မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ် (သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံအား ထည့်သွင်းပြီး Search လုပ်ပါ။
အဆင့် ၄ - ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password အား ထည့်သွင်းပါ။
အဆင့် ၅ - မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။
အဆင့် ၆ - Password အသစ်အား ၂ ခါပြန် ရိုက်ထည့်ပါ။
သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် - ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။
နည်းလမ်း ၂ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မမှတ်မိလျှင်)

အဆင့် ၃ - စာမျက်နှာ ဘယ်ဖက်အောက်ထောင့်ရှိ "I can't identify my account" အား နှိပ်ပါ။
အဆင့် ၄ - Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများအား ဖြေပါ။
အဆင့် ၅ - Submit လုပ်ပါ။
မကြာမီတွင် Facebook မှ သင့်အား ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account အား ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။

မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -
- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email အား အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။sai koko

Related Posts Plugin for WordPress, Blogger...

TV သတင်းလေးကြည့်ရအောင်

မှာချင်တာလေးတွေမှာခဲ့ပါ

ပြောချင်ရာပြောခဲ့ပါ။

AddThis Smart Layers

AddThis

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အလည်လာသူ

Twitter Bird Gadget