အောင်ကျော်ဘလော့မှာလာလည်သူမိတ်ဆွေအပေါင်းတို့ပန်းလိုမွှေးရေလိုအေးပြီးထာဝရရွှင်လန်းချမ်းမြေ့ကြပါစေသား။
HOME ANTIVIRUS ANDRIOD SOFTWARE GAME DOWNLOAD

Saturday, November 9, 2013

ဖုန်းအသစ်လဲရင် Cantoct တွေဘယ်လိုရွှေ့မလဲ

Unknown | 3:16 AM | Best Blogger Tips
လိုချင်စရာ စမတ်ဖုန်းတွေ အပြိုင်အဆိုင် ထွက်ရှိနေကြတဲ့ ယနေ့ခေတ်ကြီးမှာ သင်လည်း လက်ရှိဖုန်းအဟောင်းလေးကို သုံးစွဲရတာ ကြာလာရင် ဖုန်းအသစ်ကို ပြောင်းကိုင်ချင်မှာ သဘာဝပါပဲ။ ဒီနေရာမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုက ထည့်သွင်းစဉ်းစားစရာ ဖြစ်လာပါတယ်။ ဘာလဲဆိုတော့ မိမိသူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ ဆွေမျိုးတွေရဲ့ ဖုန်းနံပါတ် (Contacts) တွေပါ။

မိမိရဲ့ ပတ်ဝန်းကျင်၊ အလုပ်အကိုင် ကျယ်ပြန့်ရင် ကျယ်ပြန့်သလောက် Contact တွေရာချီ၊ ထောင်ချီအထိ ရှိနိုင်ပါတယ်။ အလုပ်တွေ အရမ်းများလာပြီး Social ကျနေတဲ့ ယနေ့ခေတ်ထဲမှာ သင့်ရဲ့ ဖုန်းမှာလည်း Contact တွေ အနည်းဆုံး ရာဂဏန်းလောက်ထိ ရှိနေပြီ မဟုတ်ပါလား?

စမတ်ဖုန်း အဟောင်းတစ်လုံးကနေ အသစ်ကို ကူးပြောင်းတော့မယ်ဆိုရင် မိမိရဲ့ SIM-Card, MicroSD Card စတာတွေကို ရွှေ့ပြောင်းရပါတယ်။ အဲဒီလို ရွှေ့ပြောင်းတဲ့ ကဒ်နှစ်ခုထဲက တစ်ခုခုမှာ မိမိရဲ့ ဖုန်းနံပါတ်တွေကို သိမ်းထားပြီး ဖုန်းအသစ်ကို ရောက်တဲ့အခါ Expand (ဖြန့်ချ) လိုက်ရုံပါပဲ။

ဒါပေမယ့် တစ်ခုရှိတာက SIM-Card ထဲမှာဆိုရင် ဖုန်းနံပါတ် ၂၀၀ ပဲ သိမ်းထားလို့ ရပါတယ်။ ဖုန်းထဲမှာ(သို့မဟုတ်) MicroSD Card မှာ ဆိုရင်တော့ ဖုန်းနံပါတ် အကန့်အသတ်မရှိ သိမ်းဆည်းနိုင်ပါတယ်။ ဒါကြောင့် သင့် Contact တွေကို မှတ်သားရွှေ့ပြောင်းဖို့ Memory Card လို့ခေါ်တဲ့ MicroSD Card တစ်ခုတော့ ရှိသင့်ပါတယ်။

ဘယ်လိုလုပ်ရလဲဆိုတော့ ဖုန်းအဟောင်းထဲက “Contacts” ထဲကို ၀င်ပါ။ အဲဒီမှာ Menu ကိုနှိပ်ပြီး Manage Contact > Export To Storage(Backup to SD card) > OK ဆိုရင် သင့်ရဲ့ Contact တွေ အားလုံးကို MicroSD Card ပေါ်မှာ .vcf ဖိုင်တစ်ခုနဲ့ မှတ်သားထားလိုက်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် မမ်မိုရီကဒ်ကို ဖုန်းအသစ်ထဲ ပြောင်းထည့်ပြီး Contacts ထဲဝင်ကာ Manage Contact> Import from Storage (Restore from SD card) ဆိုရင် သင်ဖုန်းအဟောင်းမှာ မှတ်ခဲ့တဲ့ ရာပေါင်းများစွာသော Contact တွေအားလုံး အမှားအယွင်း မရှိ ဖုန်းအသစ်ထဲကို ရောက်သွားပြီ ဖြစ်ပါတယ်။

မမ်မိုရီကဒ်ထဲမှာတော့ “Contact/00001.vcf” ဆိုတဲ့ ဖိုင်လေးတစ်ခုရှိနေမှာပါ။ အဲဒီဖိုင်လေးထဲမှာ သင့်ရဲ့ Contact တွေအားလုံးကို စုစည်းသိမ်းဆည်း ပေးထားတာ ဖြစ်ပါတယ်။

အားလုံး အဆင်ပြေချောမွေ့ကြပါစေ…
Print Friendly and PDF

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

TV သတင်းလေးကြည့်ရအောင်

မှာချင်တာလေးတွေမှာခဲ့ပါ

ပြောချင်ရာပြောခဲ့ပါ။

AddThis Smart Layers

AddThis

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အလည်လာသူ

Twitter Bird Gadget