အောင်ကျော်ဘလော့မှာလာလည်သူမိတ်ဆွေအပေါင်းတို့ပန်းလိုမွှေးရေလိုအေးပြီးထာဝရရွှင်လန်းချမ်းမြေ့ကြပါစေသား။
HOME ANTIVIRUS ANDRIOD SOFTWARE GAME DOWNLOAD

Friday, November 15, 2013

Pee Mak မင်းသမီးနှင့် ရိုက်ရမည့် ရုပ်ရှင်ဇာတ်ကားသည် စိန်ခေါ်မှုတစ်ခုဟု လူမင်းဆို

Unknown | 6:49 AM | Best Blogger Tips
ရန်ကုန်၊ နိုဝင်ဘာ ၁၃

ထိုင်းနိုင်ငံရဲ့ စံချိန်တင် ဝင်ငွေ ရရှိခဲ့တဲ့ Pee Mak ရုပ်ရှင်ဇာတ်ကားမှ သရုပ်ဆောင် မင်းသမီး Davika Hoorne နဲ့ မြန်မာသရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်တို့ ခေါင်းဆောင်အဖြစ် ပါဝင်မယ့် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးဖို့ အပ်နှံခံထားရတဲ့ သရုပ်ဆောင် လူမင်းက ဒီဇာတ်ကားဟာ သူ့အတွက် အနုပညာအရ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်လို့ The Voice ကို ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး “ဒီဇာတ်ကားအတွက် ကိုယ်အများကြီး ပြင်ဆင်ရဦးမယ်။ အချိန်အများကြီး ပေးရမယ်။ ကိုယ်လုပ်နိုင်လိမ့်မယ်လို့တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်။ ကိုယ်ဒါရိုက်တာအဖြစ် ပထမဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ ကျန်စစ်မင်း ဇာတ်ကားကြီးကို ရိုက်ကူးတုန်းက ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေက ကိုယ့်ကို အများကြီး အထောက်အပံ့ ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အခုကတော့ ဇာတ်လမ်းတည် ဆောက်နေတာနဲ့၊ ဇာတ်ညွှန်းရေးဖို့ ပြင်ဆင်နေတုန်း အဆင့်ပဲ ရှိပါသေးတယ်” လို့ လူမင်းက ပြောပါတယ်။

ကျန်စစ်မင်း ဇာတ်ကားကို ရိုက်ကူးပြီးချိန်က ယခုလိုမျိုး ပြည်ပနိုင်ငံတစ်ခုနဲ့ ပူးပေါင်းပြီး ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ စီစဉ်ခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့ကြောင်း၊ ယခုရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားက မြန်မာ့ရုပ်ရှင် လောကအတွက် ဈေးကွက်အသစ်တစ်ခု ချဲ့ထွင်ပြီးသား ဖြစ်မယ်လို့ မျှော်လင့်ထားကြောင်း သရုပ်ဆောင်လူမင်းက ထပ်လောင်း ပြောကြားပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားက အလောင်းဘုရား လက်ထက်က စစ်ပွဲအပြီးမှာ မြန်မာနိုင်ငံကို ပါသွားတဲ့ အဘွားဖြစ်သူရဲ့ အုတ်ဂူကို လာရောက် ကန်တော့တဲ့ ထိုင်းမိန်းမပျိုလေးတစ်ဦးနဲ့ မြန်မာနိုင်ငံသား ဧည့်လမ်းညွှန် အမျိုးသားလေး တစ်ဦးရဲ့ အချစ်ဇာတ်ကားကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ်ပြီး မြန်မာနိုင်ငံမှ သရုပ်ဆောင်များနဲ့ ထိုင်းနိုင်ငံမှ သရုပ်ဆောင်များ ပါဝင်မည် ဖြစ်ကြောင်း၊ ဒီဇာတ်ကားကို ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ စတင်ရိုက်ကူးမှာ ဖြစ်ကြောင်း ဇာတ်ကားကို စီစဉ်ထုတ်လုပ် မယ့် ADMA MEDIA မှ ဒုတိယဥက္ကဋ္ဌ ဦးဝေမင်းမောင်က ပြောပါတယ်။
ခုလိုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်...လိုအပ်တာများရှိပါက ..CBox..မှာပြောကြားနိုင်ပါတယ်.အတတ်နိုင်ဆုံးကြိုးစားဖြေကြားပေးပါ့မယ်
Print Friendly and PDF

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

TV သတင်းလေးကြည့်ရအောင်

မှာချင်တာလေးတွေမှာခဲ့ပါ

ပြောချင်ရာပြောခဲ့ပါ။

AddThis Smart Layers

AddThis

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အလည်လာသူ

Twitter Bird Gadget