အောင်ကျော်ဘလော့မှာလာလည်သူမိတ်ဆွေအပေါင်းတို့ပန်းလိုမွှေးရေလိုအေးပြီးထာဝရရွှင်လန်းချမ်းမြေ့ကြပါစေသား။
HOME ANTIVIRUS ANDRIOD SOFTWARE GAME DOWNLOAD

Friday, November 8, 2013

ဘောလုံးပွဲ အကြွေးတင်နေသော တပ်မတော် အရာရှိတစ်ဦး ရွှေဆိုင်ကို ဓားပြတိုက်

Unknown | 4:01 AM | Best Blogger Tips
သထုံအခြေစိုက် လေကြောင်းရန် ကာကွယ်ရေး (လကသ-၃၀၁၄) တပ်ရင်းမှ ဗိုလ်ကြီးအောင်ခန့်မင်း ဆိုသူသည် မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက် ကျေးရွာရှိ ဦးတင်မြင့် ရတနာရွှေဆိုင်ကို နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ တွင် ဓားပြတိုက်ခဲ့ကြောင်း ဇင်းကျိုက် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၎င်းသည် သထုံဈေး အနီးရှိ ဘောလုံးပွဲဒိုင် လုပ်ကိုင်သည့် သူငယ်ချင်း ဖြစ်သူ ဗိုလ်ကြီး သော်ဇင်ငြိမ်းထံ ဘောလုံးပွဲ ရှုံးထားသည့် အကြွေး ကျပ် ၁၁ သိန်း ပေးရန် ရှိနေခြင်းကြောင့် ဓားပြတိုက်ရခြင်း ဖြစ်သည်ဟု ဇင်းကျိုက် ရဲစခန်းတွင် ထွက်ဆိုထားကြောင်း အဆိုပါ ရဲစခန်း၏ အမှုမှတ်တမ်းများအရ သိရှိရသည်။

သထုံအခြေစိုက် လေကြောင်းရန် ကာကွယ်ရေး (လကသ-၃၀၁၄) တပ်ရင်းမှ ဗိုလ်ကြီး အောင်ခန့်မင်းသည် ၉-မမ သေနတ်ဖြင့် ရွှေဆိုင်မှန် ခွဲပြီး၊ ရွှေများ လုယူ ဓားပြတိုက်ခဲ့ခြင်းကို ဇင်ကျိုက် ကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးဌေးမင်းနှင့် ဒေသခံ နှစ်ဦးတို့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်လည်း သေနတ် ပစ်မယ့်ဟန် တွေ့တာနဲ့ ဆိုင်အနောက်ဘက် ထွက်ပြေးပြီး ကျွန်တော် ပတ်ဝန်းကျင်ကို ကယ်ကြပါ အော်တော့မှ လူတွေ သိသွားလို့ ဝိုင်းဖမ်းပေး ကြတယ်၊ ဆိုင်မှန်ထု ခွဲပြီး လုယူလို့ ရွှေတွေ ပြန့်ကျဲသွားတယ်။ လျော့တော့ မလျော့သွားပါဘူး။ ယင်းရွှေဆိုင်ပိုင်ရှင် ဦးတင်မြင့်က ဖြစ်စဉ်ကို ပြန်လည် ရှင်းပြခဲ့သည်။

အဆိုပါ ဗိုလ်ကြီးသည် ဆိုင်ကယ်ဖြင့် လာရောက်ခြင်း ဖြစ်ကာ ရွှေဆိုင်ထဲ ဝင်လာစဉ်တွင် ဆိုင်ကယ် ဦးထုပ်ကို ငိုက်ငိုက် ဆောင်းထားပြီး နှာခေါင်းကို အဝတ် စည်းထားကြောင်း၊ ယင်းနောက် ၎င်းတွင် ပါလာသည့် ကျောပိုးအိတ်ထဲသို့ ရွှေများ ထည့်ခိုင်းရာတွင် ရွှေထည်များ မထည့်ပေးခြင်းကြောင့် သေနတ် ထုတ်ကာ ခြိမ်းခြောက်ခဲ့ကြောင်း ယင်းရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

“ရွှေတွေ ယူပြီး ဆိုင်ကယ်ပေါ် အတက်မှာ ကျွန်တော်တို့ ဝင်ဖမ်းတာ။ ကျွန်တော်တို့ကို သေနတ်နဲ့တော့ ပစ်တယ်။ ဒါပေမဲ့ သေနတ်မှာ ကျည်ကတ် မရှိတော့ဘူး။ ရွှေဆိုင်မှန်ကို သေနတ်ဒင်နဲ့ ထုခွဲတဲ့ အချိန်မှာ ကျည်ကတ်က အဲဒီမှာ ကျန်ခဲ့တာ ဆိုတော့ ကျည်မထွက်ဘူး” ဟု အဆိုပါ အရာရှိကို ဖမ်းဆီးပေးခဲ့သည့် ပြည်သူ့စစ်ခေါင်းဆောင် ဦးဌေးမင်းက ပြောဆိုသည်။

အဆိုပါ ဓားပြတိုက်ပြီး ရွှေထည်ပစ္စည်းများ လုယူသည့် ဗိုလ်ကြီး အောင်ခန့်မင်းကို ဇင်းကျိုက် ရဲစခန်းတွင် (ပ)၁၁၁/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ခဲ့ပြီး နိုဝင်ဘာလ ၆ ရက်နေ့ ည ၉ နာရီတွင် အဆိုပါ ဓားပြတိုက်သူကို တပ်မတော် စည်းမျဉ်းစည်းကမ်းဖြင့် အရေးယူနိုင်ရန် (လကသ-၃၀၁၄) တပ်ရင်းသို့ ပြန်လည် အပ်နှံခဲ့ကြောင်း ဇင်းကျိုက် ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
Print Friendly and PDF

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

TV သတင်းလေးကြည့်ရအောင်

မှာချင်တာလေးတွေမှာခဲ့ပါ

ပြောချင်ရာပြောခဲ့ပါ။

AddThis Smart Layers

AddThis

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အလည်လာသူ

Twitter Bird Gadget