အောင်ကျော်ဘလော့မှာလာလည်သူမိတ်ဆွေအပေါင်းတို့ပန်းလိုမွှေးရေလိုအေးပြီးထာဝရရွှင်လန်းချမ်းမြေ့ကြပါစေသား။
HOME ANTIVIRUS ANDRIOD SOFTWARE GAME DOWNLOAD

Sunday, November 3, 2013

ချစ်သူနောက် လိုက်သွားသည့် ၁၃ နှစ်အရွယ် အမျိုးသမီး ပြည့်တန်ဆာအိမ် အပို့ခံရ

Unknown | 7:17 AM | Best Blogger Tips
ရည်းစားခေါ်ဆောင်ရာ တည်းခိုခန်းသို့ လိုက်ပါခဲ့သူ အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို ရည်းစားက တည်းခိုခန်းတွင် တစ်ပတ်ကြာ အတူပေါင်းသင်း နေထိုင်ခဲ့ပြီး ပြည့်တန်ဆာအိမ်ပို့ကာ ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ကိုင်စေမှုအတွက် အဆိုပါ အမျိုးသမီးငယ်၏ မိခင်ဖြစ်သူက မြို့နယ် ရဲစခန်းတွင် တိုင်တန်းထားကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းမှူး ရဲအုပ်ဌေးဝင်းက The Voice သို့ ပြောကြားသည်။

လှိုင်သာယာမြို့နယ် အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူ ဒေါ် …. က အောက်တိုဘာလ ၂၄ ရက်နေ့ ည ၈ နာရီခန့်က သီရိမင်္ဂလာဈေးတွင်း ကွမ်းယာရောင်းနေစဉ် အမှတ် (၄) အထက်တန်းကျောင်းတွင် သတ္တမတန်း ပညာသင်ကြားနေသူ အသက် ၁၃ နှစ် ၈ လအရွယ် သမီးဖြစ်သူ မ….ကို နေအိမ်သို့ ပြန်လွှတ်ခဲ့ကြောင်း၊ နောက်တစ်ရက်နံနက်တွင် နေအိမ်၌ သမီးဖြစ်သူကို ရှာမတွေ့သဖြင့် လိုက်လံစုံစမ်းရာ အောက်တိုဘာလ ၂၉ ရက်နေ့တွင် အမှတ် (၆) ရပ်ကွက်ရှိ သမီးဖြစ်သူ၏ သူငယ်ချင်းနေအိမ်တွင် ပြန်တွေ့ခဲ့ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ အမျိုးသမီးငယ်သည် စက်တင်ဘာလ ဒုတိယပတ်အတွင်းက ချစ်ရေးဆိုခဲ့သည့် အမည်မသိ၊ နေရပ်လိပ်စာ မသိသူ အသက် ၃၀ နှစ် ဝန်းကျင်ခန့် အမျိုးသားတစ်ဦး၏ ခေါ်ဆောင်မှုကြောင့် နဝဒေးအိမ်ရာအနီး တည်းခိုခန်း၊ လှိုင်မြို့နယ် ချောင်းဝ ကားမှတ်တိုင်အနီး မဟာတည်းခိုခန်းတို့တွင် တစ်ပတ်ကြာ အတူနေထိုင်ခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ အမျိုးသားက လှိုင်သာယာမြို့နယ် အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သည့် ဆိုင်ကယ်ကယ်ရီ မောင်းသူထံ ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါ ကယ်ရီမောင်းသူက အမှတ် (၆) ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တွင် အသက် ၂၁ နှစ် အရွယ် ထိပ်ပေါက် (ခ) ရန်နိုင်ထွန်းနှင့် တွေ့ဆုံကာ ပြည့်တန်ဆာခေါင်းလုပ်သူ မအေးအေးအောင် နေအိမ်သို့ ခေါ်ဆောင်ခဲ့ပြီး ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ဆောင်ခိုင်းခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ မိန်းကလေးငယ်သည် မိခင်နှင့် ဆက်ဆံရေး အဆင်မပြေကြောင်း၊ ပြည့်တန်ဆာအိမ်တွင် အလုပ်လုပ်နေသည်ကို လိုက်ရှာသည့် မိခင်ကတွေ့ရှိပြီး သမီးဖြစ်သူကို ပြန်ခေါ်ခဲ့ရာ ၎င်း၏ မိခင်မဟုတ်ဟု မိန်းကလေးငယ်က ငြင်းခဲ့ကြောင်း အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မိန်းကလေးငယ်သည် မိမိ၏ သဘောဆန္ဒနှင့် ပြည့်တန်ဆာအိမ်တွင် အလုပ်လုပ်သည်ဟု ဆိုသော်လည်း အသက် ၁၄ နှစ်အောက် ဖြစ်သောကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေအရ မုဒိမ်းမှု မြောက်သည့်အတွက် အမှုမှန် ပေါ်ပေါက်အောင် စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးဝင်းက ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ စွပ်စွဲခံထားရသူ မအေးအေးအောင် အပါအဝင် လေးဦးကို လှိုင်သာယာမြို့နယ် မြို့မရဲစခန်းက (ပ)၁၂၆၁/၁၃၊ ပြစ်မှုပုဒ်မ ၃၇၆/၃၇၂/၃၇၃/၁၁၄ တို့ဖြင့် အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
Print Friendly and PDF

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

TV သတင်းလေးကြည့်ရအောင်

မှာချင်တာလေးတွေမှာခဲ့ပါ

ပြောချင်ရာပြောခဲ့ပါ။

AddThis Smart Layers

AddThis

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အလည်လာသူ

Twitter Bird Gadget