ပေါ်ပြူလာမြန်မာသတင်းဂျာနယ် by AF
“မြိုင်မြိုင် ဆိုင်ဆိုင် လတန် ဆောင်တိုင်.. မြိုင်မြိုင် ဆိုင်ဆိုင် လ တန်ဆောင်တိုင်.. ကထိန်ပွဲ ကျင်းပါ တဲ့ လ
တန်ဆောင်တိုင်..မြူး.. ထူး….ထူး၊..မြူး” အဆိုတော် (ဦး) မြကြီး ရဲ့ သီချင်းသံ ပျံ့လွင့်ရင်း ဝါလ ကင်းလွတ်
သီတင်းကျွတ်ပြီး နောက်တစ်လ မှာ တန်ဆောင်တိုင် ပွဲတော် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ဗမာ လူမျိုး ရှမ်း၊ ပ
အိုဝ်း၊ မွန် နဲ့ တခြား ဗုဒ္ဓ ဘာသာကိုးကွယ်သော တိုင်းရင်း သားများ အားလုံး၊ ဗုဒ္ဓမြတ်စွာဘုရား အား ဆီမီး
များ ပူဇော်ရင်း မီးထွန်းပွဲ၊ မီးပုံပျံများ ကောင်းကင်ကို လွှတ်တင်ကြတာ ရိုးရာ ယဉ်ကျေးမှု ဖြစ်ပါတယ်။ မြန်
မာပြည် အရပ်ရပ်မှာ ကျေးလက်တောရွာ၊ မြို့နယ်နဲ့ မြို့ ကြီးတွေက ဘုန်းတော်ကြီး ကျောင်း များနဲ့ နေရာ
ဒေသ အနှံ့အပြား လက်လုပ် မီးပုံးပျံများကို ပျော်ရွှင်ရင်ခုန်စွာ လွှတ်တင်လေ့ ရှိပါတယ်။
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး မြို့မှာ ပြည်နယ်နဲ့ မြို့ဂုဏ် ကျက်သရေ ဆောင် မီးပုံးပျံ
လွှတ်ပွဲတော်ကို လွန်ခဲ့တဲ့ (၆၅)နှစ်ကျော် ကတည်းက ပင် မီးပုံးပျံ လွှတ်ပြိုင်ပွဲ ကို ကျင်းပပြု လုပ်ခဲ့ကြောင်းသိ
ရပါတယ်။
တောင်ကြီးမြို့၊ မီးပုံးပျံလွှတ် ပွဲတော်မှာ ပါဝင် ယှဉ်ပြိုင်တဲ့ မီးပုံးပျံ များကို ရှမ်းစက္ကူ နဲ့ ပြုလုပ်တာပါ။ ရှမ်းပြည်
နယ် အတွင်း အလေ့ကျ ပေါက်ရောက်တဲ့ သာလေးပင်ရဲ့ အခေါက်ကိုခွာပြီး၊ ဝါးလုံးပြာကို အခေါက်နဲ့ ရော
ပြီး ရေနဲ့ကော် နဲ့ ပြုတ်ရပါတယ်။ အဲဒီ အမျှင်ဖတ် လေးတွေကို ပိတ်စ ဘောင်တွေမှာ လက်နဲ့ ဖြန့်ပြီး နေပူ
လှမ်းလို့ရတဲ့ ရှမ်းစက္ကူ (ခေါ်) မိုင်းကိုင် စက္ကူနဲ့ မီး ပုံးပျံကို လုပ်ကြတာပါ။ မီးပုံးပျံကြီး (ညကြီးမီး၊ စိန်နားပန်)
အမည်ရှိ မီး ပုံပျံ လုပ်ဖို့ စက္ကူရွက်ရေ တစ်ထောင် ကျော်ကို အသုံးပြု ရပါတယ်။
တောင်ကြီးမြို့ မီးပုံပျံ လွှတ် ပွဲတော် အတွက် ရပ်ကွက်၊ ကျေးရွာ များက ဘုန်းတော်ကြီး ကျောင်းများ မှာ တန်
ဆောင်တိုင် ပွဲ မတိုင်ခင် တစ်လလောက် ကြိုတင်ပြီး တခြား အဖွဲ့ များ မသိအောင် လျှို့ဝှက်စွာ ပြုလုပ်ကြပါ
တယ်။ နေ့ခင်းဘက် လွှတ်တင်တဲ့ မီးပုံးပျံကတော့ ဆင်ရုပ်၊ မြင်း၊ ဝက်ဝံ၊ ကြက်ဖ၊ ခို၊ ကြက်တူရွေး၊ ငါးစတဲ့
အရုပ် များကို လွှတ်တင်ပါတယ်။ အရုပ် တစ်ရုပ်ကို ကျပ်လေး၊ ငါးသောင်း၊ တစ်သိန်းခန့် ကုန်ကျပါ တယ်။ မီး
ပုံပျံ လွှတ်ပြိုင်ပွဲ ညဘက်မှာ အပြိုင်အဆိုင် လွှတ်တင်ဖို့ ပြုလုပ်တဲ့ မီးပုံပျံ များက စိန်နားပန်လို့ ခေါ်တဲ့ မီးပုံပျံ
ကတော့ ကျပ် တစ်သိန်း ငါး သောင်းမှ နှစ်သိန်းလောက်အထိကုန်ကျပြီး ညမီးကြီး လို့ခေါ်တဲ့ မီးပုံပျံ တစ်လုံး
ကို ကျပ်၁ဝသိန်းမှ ၁၅ သိန်း၊ သိန်း၂ဝလောက် အထိ ကုန်ကျပါ တယ်။ စိန်နားပန် မီးပုံးက အမြင့်ပေ (၃ဝ)
ကျော် အချင်း(၄၅)ပေခန့် မြင့် ပြီး ဘေးပတ်ပတ်လည်မှာ မီးထွန်းထားတဲ့ မီးပုံးငယ်လေး တွေကို ပုံသဏ္ဌာန်
မျိုးစုံနဲ့ ဒီဇိုင်းဖော် ပြီး ချိတ်ဆွဲ လွှတ်တင်တာပါ။ မီးရှူး မီးပန်းများမပါဝင်ပါ။ ညမီးကြီးလို့ခေါ်တဲ့ မီးပုံပျံ ကတော့
ပိုမို ကြီးမားပြီး မီးပုံ ပျံအောက်မှာ သံဖရိန်များ ခွေ ကာ မီးရှူး မီးပန်းယမ်းထုပ် များကို ကျွမ်းကျင်မှု များနဲ့ စနစ်
တကျ တပ် ဆင်ထားပါတယ်။
မီးပုံးပျံကြီး လွှတ်တင်ဖို့ အတွက် ပါဝင်သူ အယောက် (၂ဝ)လောက်က ဝိုင်းဝန်း ကူညီလုပ်ပေးကြ ရပါတယ်။
ပထမဦးစွာ ရှမ်းစက္ကူ များနဲ့ ပြုလုပ်ထားတဲ့ မီးပုံးပျံ ပြားထား တာကို ထိပ် မှာရှိတဲ့ ကွင်းကလေးကို ဝါးလုံးရှည်
နဲ့ ထောက်ပြီး အပေါ်ကို မတင်ရင်း တဖြည်းဖြည်းနဲ့ ဆန့်သွားတဲ့ အခါ အောက်ခြေ အဝခွေကို ဝိုင်းကိုင် ထား
ပြီး ဆရာဖြစ်တဲ့ ကျွမ်းကျင်သူက ဝါလုံးတံ ထိပ်မှာ ရေနံဆီ၊ ရေနံချေး ဆွတ်ထားတဲ့ တုတ်နဲ့ အောက်ခြေ အဝ
ကို မီးခိုးမှိုင်းတွေကို သွင်းပေးပါတယ် တဖြည်းဖြည်းနဲ့ မီးခိုးမှိုင်း ပြည့်ဝလာတဲ့ မီးပုံးပျံကြီးဟာ မီးခိုးတွေ ပြည့်
ဝပြီး ဖောင်းကား လာပါတော့တယ်။ အဲဒီအခါမှာ စိန်နားပန်မီးပုံးပျံ အတွက် ဘေးမှချိတ်ကလေး တွေမှာ မီးပုံး
ငယ်လေးတွေကို ချိတ်ပြီး အမြင့်ခုနစ်ပေ ထိပ်အဝ အကျယ် တစ်ပေ လောက်ရှိတဲ့ မီးစာ တိုင်ကို ချိတ်ပြီး ပတ်
ဝန်းကျင် လေငြိမ်တဲ့အခါ မှာ လွှတ်တင်တာပါ။
ညမီးကြီးလို့ခေါ်တဲ့ မီးပုံးပျံ ကိုတော့ မီးပုံပျံကြီး ရဲ့ အောက် ခြေမီး စာတိုင်အောက် မှာထား ပြီး မီးပုံပျံရဲ့ ဘေး
ခွင်မှာ ကြိုး ချိတ်တွေ နဲ့ ချိတ်ဆွဲပြီး လွှတ်ခါနီး အချိန်မှာ ယမ်းတွေ ရဲ့ အစကို မီးရှို့ လိုက်တာပဲ ဖြစ်ပါတယ်။
မီးပုံးပျံကြီး ဟာ မီးခိုးမှိုင်းတွေ ပြည့်ဝပြီး အပေါ်ကို တက်ဖို့ အားယူရုန်း ကန်နေတဲ့ အခါ ဝိုင်းထိန်းပေး ကြ ရ
ပြီး လေငြိမ် တဲ့အခါ ကောင်းကင်ယံကို တညီတညာတည်း လွှတ်တင်လိုက်ပါတယ်။ မီးပုံးပျံကြီးဟာ ကောင်း
ကင်ယံ ထက် ဆီ၊ လပြည့် ဝန်းကြီး နဲ့ကြယ် အပေါင်း ဝန်းရံခနေတဲ့ဆီကို တဖြည်းဖြည်း မြင့်တက်သွားရင်း
မီးရှူး မီးပန်းများ ကို လှပစွာ ပုံသဏ္ဌာန် မျိုးစုံနဲ့ ဖြူ၊ ပြာ၊ နီ၊ ဝါ၊ အစိမ်းရောင်စုံ မီးပန်းများ ဖြာထွက်ရင်း တက်
သွား တဲ့ အချိန်မှာ မီးပုံးပျံ လွှတ်ကွင်းအတွင်း ပွဲကြည့် ပရိသတ်များ ပျော်ရွှင်ကြည်နူး ရင်ခုန် စွာ ရှမ်းအိုးစည်
သံ များနဲ့ အော်ဟစ် အားပေး လိုက်ကြပါ တော့တယ်။
ညမီးကြီး၊ မီးပုံးပျံ အောက်သံ ဖရိန်မှာ တပ်ဆင်တဲ့ ယမ်းများ၊ ရောင်စုံ မဂ္ဂနီစီယမ် များကို ဒီဇိုင်း လှပစွာ ပြု
လုပ်နိုင်ဖို့ ကျွမ်းကျင်တဲ့ ပညာရှင် များက ပြုလုပ်ကြပါတယ်။ ကုန်ကြမ်း များကို ထိုင်းနိုင်ငံ၊ တရုတ် နိုင်ငံတို့
ဘက်မှ ဝယ်ယူကြပါတယ်။ ပြိုင်ပွဲဝင်ဖို့၊ မီးပုံးပျံ၊ မီးစာတိုင် ယမ်းထုပ်များဆင်ထားတဲ့ သံဖရိန်ကို သတ်မှတ်
အလေးချိန် အတိုင်း ချိန်တွယ်ရပါတယ်။ တန်ဆောင်မုန်း လ ပြည့် မတိုင်ခင် ခုနစ်ရက်မှ စတင်ပြီး တစ်ည
ကို မီးပုံးပျံ (၁ဝ)လုံး ခန့်လွှတ် တင်ပါတယ်။ ဆုပေးပွဲကို လပြည့် ကျော် (၁)ရက်မှာ ကျင်းပပါတယ်။ တောင်
ကြီး မြို့ပေါ် ရပ်ကွက်များ၊ ပတ်ဝန်းကျင် မြို့နယ်၊ ကျေးရွာများက ပြိုင်ပွဲရှိရာ ကွင်းကို လာရာမှာ မော်တော်
ဆိုင်ကယ်၊ မော်တော်ယာဉ်များ ပေါ်မှာ ငှက်ပျောပင်၊ ရာဇမတ်များ ကာပြီး ရှမ်းအိုးစည်များတီးကာ တပျော်
တပါး သယ်ခဲ့ကြပါတယ်။ မြန်မာပြည်အရပ်ရပ်မှ ပြည်သူများသာမက နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသည်
များလည်း ပျော်ရွှင်စွာဆင်နွှဲကြပါတယ်။ ပွဲတော်ချိန်မှာ တောင်ကြီး တစ်မြို့လုံး ဧည့်သည်များ နဲ့ ပြည့်လျှံနေ
ပါတော့တယ်။

No comments:
Post a Comment