ဒီနေ့ ကျွန်တော် သူငယ်ချင်းတစ်ယောက်ရဲ့ ကွန်ပျူတာကို Window 8
တင်ပေးဖို့ လုပ်ရင်းနဲ့ Window 8 တွင် .NET 3.5 ထည့်မရကြောင်းနှင့်
ရှိနှင့်ပြီးသော်လည်း ဖွင့်ခြင်း Enable လုပ်မခြင်းကို တွေ့ရတဲ့ အတွက်
ကျွန်တော့် နည်းတူ အများသူငါတွေ တွေ့ကြုံပါက ဖြေရှင်းတတ်အောင်
ဖြေရှင်းနည်းကို ရေးလိုက်တာပါ ။

အဲဒါမျိုးတွေကို တွေ့ရမှာပါ ။
ပထမဆုံး Window + X နိပ်ပြီး Program and featurers ကိုရွေးပါ ။
ဘေးနားက Turn Widows features on or off ကိုနိပ်ပါ ။

ပြီးတော့ .NET 3.5 ကို အမှတ်ခြစ်ပေးပြီးတော့ OK ပါ ။
နောက်ပြီးရင်တော့ CMD ဖွင့်ပါ ။ Window + R နိပ်ပြီး cmd ရိုက်ထည့်နိုင်သလို ။ Window + X ကို နိပ်ပြီးတော့ Command prompt + (Admin) ကို ရွေးပြီး ဖွင့်နိုင်ပါသေးတယ် ။
ပြီးရင် cd/ ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ ။
c: ဆိုပြီး C ထဲကို ရောက်သွားတာကို တွေ့ရပါလိမ့်မယ်....
ပြီးရင်တော့ အောက်က စာသားတွေကို ကူးပြီးတော့ Past ချပါ ။ CMD ထဲကို ပြောတာပါ ။ Right Click နဲ့ Past တာပါ ။
Dism /online /enable-feature /featurename:NetFx3 /All /Source:F:\sources\sxs /LimitAccess

အဲ ဒီနေရာကနေ ပြောစရာရှိတာကတော့ F: နေရာမှာ Window Boot table ဖြစ်တဲ့ CD ဖြစ်စေ Pendrive ဖြစ်စေထည့်သွင်း ထားရမှာဖြစ်ပါတယ် ။ G: မှာဆိုရင်လည်း G: လို့ပြောင်းပေးရမှာဖြစ်ပါတယ် ။
ပြီးရင်တော့ ခဏစောင့်ပါ ။ ပြီးရင် ၁၀၀ ပြည့်ရင်တော့ အိုခေပြီ....

အဆင်ပြေကြပါစေဗျာ ။ စိုင်းကိုကို တောင်ကြီး

No comments:
Post a Comment