အောင်ကျော်ဘလော့မှာလာလည်သူမိတ်ဆွေအပေါင်းတို့ပန်းလိုမွှေးရေလိုအေးပြီးထာဝရရွှင်လန်းချမ်းမြေ့ကြပါစေသား။
HOME ANTIVIRUS ANDRIOD SOFTWARE GAME DOWNLOAD

Saturday, December 21, 2013

ကိုယ်တိုင် ကွန်ပျူတာ 3D Animation ScreenSaver, Wallpaper များဖန်တီးကြဆို့

Unknown | 6:35 AM | Best Blogger Tips

အခုအကြောင်းအရာလေးကတော့ မိမိကိုယ်တိုင် ကွန်ပျူတာ  3D Animation ScreenSaver, Wallpaper လေးတွေ စိတ်ကြိုက် ဒီဇိုင်းများဖြင့် ဖန်တီး ယူခြင်းဖြစ်ပါတယ်။ အရင်ကျွန်တော် ဖုန်းအတွက် Theme ၊ Flash ၊ Wallpaper လေးတွေ လုပ်ဆောင်နည်းကို ဖော်ပြပေးဘူးပါတယ်။ ဒီတခါကတော့ ကွန်ပျူတာ အတွက်  မိမိစိတ်ကြိုက်ဒီဇိုင်းများဖြင့်  Animation ScreenSaver,  Animation Wallpaper လေးများကို မိမိ အသုံးပြုလိုသော ဓါတ်ပုံများဖြင့် ဖန်တီးယူခြင်းဖြစ်ပါတယ်။ Software ကလည်း အရမ်းသေးငယ်ပါတယ်။ စိတ်ဝင်စားတဲ့သူငယ်ချင်းများ ကိုယ်ပိုင် Photo လေးတွေနဲ့ စမ်းလုပ်ကြည့်ဗျာ အောက်မှာ Video click လေးပါ တင်ပေးထားပါတယ်………..

အခုကျွန်တော်ဆွေးနွေးတဲ့ အကြောင်းအရာလေးကို အကျယ်တပွင့် လေ့လာလိုတဲ့ သူငယ်ချင်းများကို မူရင်းဆိုဒ်ဖြစ်တဲ့ ဒီနေရာမှာ သွားရောက်လေ့လာနိုင်ပါတယ်။ Software ကို အောက်မှာဒေါင်းပြီး run လိုက်ပါ ပြီးရင် မိမိဖန်တီးလိုတဲ့ ScreenSaver, Wallpaper စသည့်တို့ကို ရွှေးချယ်ပြီး မိမိစိတ်ကြိုက် Design များရွှေးချယ်အသုံးပြုနိုင်ပါတယ်။ သူရဲ့ သဘောက  မိမိစိတ်ကြိုက် ဒီဇိုင်းကို Download လုပ်ရပါတယ်။ Download Button လေးကို ကလစ်လိုက်တာနဲ့ အလိုလိုဒေါင်းနေပါလိမ့်မယ်ပြီးရင်  မိမိစိတ်ကြိုက် ဓါတ်ပုံ အသုံးပြုမယ်ဆိုရင် ဓါတ်ပုံထည့်ပေးရပါတယ်။ ဒါ့အပြင် Desktop ပေါ်တွင် မိမိစိတ်ကြိုက် Photo များဖြင့် slide show လုပ်ပေးနိုင်ရန် Photo Toys ဒီဇိုင်းတွေ ပေးထားပါတယ် Download လုပ်ပြီး အသုံးပြုယုံပဲ။ မိမိဖန်တီးပြီး ScreenSaver, Wallpaper များကို အသုံးပြုရန်အတွက် အတည်မပြုမှီ Preview Button ကို Click ပြီးကြည့်နိုင်ပါတယ်။ ကျွန်တော်ပြောပြတာ ကလေးစာပြသလိုဖြစ်နေမလားမသိဘူးဗျာ မရှင်းလင်းတဲ့သူငယ်ချင်းများ မေးမြန်းနိုင်ပါတယ်။ လုပ်ဆောင်နည်းလေတွေကတော့ လွယ်ကူပါတယ်။ Software ကို အောက်မှာဒေါင်းလိုက်ပါ ။ အောက်မှာမဒေါင်းခြင်တဲ့ သူငယ်ချင်းများ မူရင်းဆိုဒ် မှာလည်း ဒေါင်းယူနိုင်ပါတယ်။ အဆင်ပြေကြပါစေဗျာ…………..
ဒီမှာဒေါင်းယူပါ
AUNGKYAW
Print Friendly and PDF

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

TV သတင်းလေးကြည့်ရအောင်

မှာချင်တာလေးတွေမှာခဲ့ပါ

ပြောချင်ရာပြောခဲ့ပါ။

AddThis Smart Layers

AddThis

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အလည်လာသူ

Twitter Bird Gadget