အောင်ကျော်ဘလော့မှာလာလည်သူမိတ်ဆွေအပေါင်းတို့ပန်းလိုမွှေးရေလိုအေးပြီးထာဝရရွှင်လန်းချမ်းမြေ့ကြပါစေသား။
HOME ANTIVIRUS ANDRIOD SOFTWARE GAME DOWNLOAD

Saturday, October 26, 2013

မသိသေးတဲ့သူတွေအတွက် အသုံးဝင်တဲ့ Android Tips လေးတွေမို့ .. လေ့လာထားတာလေးတွေ ပြန်လည် မျှဝေလိုက်ပါတယ်။

Unknown | 5:56 AM | Best Blogger Tips
ဒါလေးတွေ ဘော်ဒါ သိပြီးပြီလား ??

*** Google Map ကို offline ကြည့်နိုင်ဖို့ ***
Google Map မှာ internet မလိုပဲ မြေပုံတွေ ကြည့်ရှုနိုင်အောင် ကြိုတင် စီစဉ်နိုင်ပါတယ်။အင်တာနက်လိုင်း ရနေချိန်မှာ ကိုယ်လိုချင်တဲ့ မြေပုံများကို offline ကြည့်နိုင်ဖို့အတွက် Google Map ထဲမှာ Menu ကို နှိပ်ပါ။ Make available offline ဆိုတာကို နှိပ်ပြီး လိုချင်တဲ့ မြေပုံ ဧရိယာကို ရွေးချယ်ပေးပါ။ ပြီးရင် download ဆွဲကာ သိမ်းနိုင်ပါတယ်။
ဒါကြောင့် အင်တာနက်လိုင်း မရရှိနိုင်သော နေရာများတွင်လဲ offline ကြည့်နိုင်ပါတယ်။

*** Power ခလုတ်ကို နှိပ်ပြီး ဖုန်းချနိုင်ဖို့ ***
ဖုန်းပြောပြီးလို့ ဖုန်းမှာပါတဲ့ Power ခလုတ်ကို နှိပ်ပြီး အလွယ်တကူ ဖုန်းချနိုင်ပါတယ်။ screen ကို ထိစရာမလိုပဲ End Call လုပ်နိုင်ပါတယ်။ လုပ်ချင်တယ်ဆိုရင် ဖုန်း Setting ထဲမှ Accessibility ထဲကို ၀င်ပါ။ Power Button ends call ဆိုတာကိုရှာပြီး အမှန်ခြစ်ပေးလိုက်ရင် ရပါပြီ။ Setting ၀င်နည်းကတော့ ဖုန်းတစ်လုံးနဲ့တစ်လုံးတော့ မတူဘူးပေါ့။ ဒါပေမဲ့ Accessibility အောက်မှာပဲ power ends call function ပါရှိပါတယ်။

*** Sudoku ဥာဏ်စမ်းများကို အမြန်ဖြေနိုင်ဖို့ ***
Google မှာ ဖန်တီးခဲ့တဲ့ Google Goggles ဆိုတဲ့ App ဟာ Sudoku ဥာဏ်စမ်းများကို ဓါတ်ပုံရိုက်ခြင်းဖြင့် အဖြေမှန် ပေါ်အောင်
ဖော်ပြနိုင်ပါတယ်။ Google Goggles ဟာ မိမိသိလိုသော အကြောင်းရာကို ဓါတ်ပုံများရိုက်ပြီး online မှာ ရှာဖွေနိုင်အောင် ဖန်တီးထားတဲ့ ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ပေါက်ကရ တွေ့သမျှတွေ ရိုက်ပြီး ..
မေးလို့တော့ မရဘူးပေါ့ဗျာ။ ဘာသာစကားများကိုလဲ ဓါတ်ပုံရိုက်ခြင်းဖြင့် ..
ဘာသာပြန်နိုင်တယ်လို့ဆိုပါတယ်။ Play Store မှာ အခမဲ့ ရယူနိုင်တဲ့ app ပါ။

*** ရုတ်တရက် ဖုန်းဟန်းသွားသောအခါ ပြန်ဖွင့်နိုင်ဖို့ ***
တစ်ခါတစ်လေမှာ ဖုန်းက ဘာမှ လုပ်မရတော့ပဲ ရပ်သွားတဲ့ ပုံစံမျိုး ဖြစ်သွားတတ်ပါတယ်။ အလွယ်ပြောရင် ဟန်း သွားတာပေါ့ဗျာ။ အဲ့လိုအချိန်မှာ Power + Home Key + Volume Up
ခလုတ်သုံးခုကို တစ်ပြိုင်တည်းနှိပ်ကာ ဖုန်းကို Reboot လုပ်နိုင်ပါတယ်။ Battery ဖြုတ်မရတဲ့ ဖုန်းတွေ ဟန်း တဲ့အခါ Power ခလုတ်ကို ခဏလောက် ကြာကြာဖိထားခြင်းဖြင့် Reboot လုပ်နိုင်ပါတယ်။
(eg .. Xperia Z , HTC One )

*** Keyboard အမြန်ဖွင့်နည်း ***
ဖုန်းမှာပါတဲ့ Menu ခလုတ်ကို ကြာကြာဖိထားခြင်းဖြင့် Keyboard ကို အမြန်ဖွင့်နိုင်ပါတယ်။ စာရိုက်ချင်ပြီဆိုရင် Menu ကိုသာ ကြာကြာဖိလိုက်ပါ။ Keyboard တက်လာပါလိမ့်မယ်ဗျာ။

*** Notification ဘားထဲမှ function တွေရဲ့ Setting အမြန်ဖွင့်ဖို့ ***
ဥပမာ wifi setting ထဲ သွားချင်တယ်ဆိုရင် Noti ဘားပေါ်က wifi ပုံကို ကြာကြာဖိလိုက်ရင် wifi setting ထဲ ရောက်သွားပါမယ်။ Noti ဘားထဲရှိ widget များကို ကြာကြာဖိခြင်းဖြင့် သက်ဆိုင်ရာ Setting တွေထဲ အမြန်သွားနိုင်မှာဖြစ်ပါတယ်

*** Speed Dial (သို့) တစ်ချက်နှိပ် ဖုန်းတန်းခေါ်လို့ရဖို့ ***
Android ဖုန်းတွေမှာ Speed Dial ပါဝင်ပါတယ်။ တစ်ချက်နှိပ်ပြီး ဖုန်းတန်းခေါ်တဲ့ဟာပါ။ အလွယ်နည်းကတော့ Home Screen ပေါ်မှ
နေရာလွတ်တစ်ခုကို ကြာကြာဖိပါ။ Widget ကို ရွေးပါ။ Widget ထဲမှာ Contact ကိုရွေးပြီး Home Screen ပေါ်တင်လိုက်ပါ။
ကြိုက်နှစ်သက်ရာ နံပါတ်ကို Contact ထဲမှ ရွေးပေးပြီး Speed Dial ဖန်တီးနိုင်ပါတယ်။ တစ်ချို့ဖုန်းတွေမှာ Contact ထဲဝင်ပြီး menu ခလုတ်ကိုနှိပ်ကာ Speed Dial setting ကိုရွေးချယ် အသုံးပြုနိုင်ပါတယ်။

Android ဖုန်းတွေမှာ Screen Lock ကို မဖွင့်ပဲ Noti ဘားကို ဆွဲချပြီး Noti များစစ်နိုင်တယ်။

Android ဖုန်းတွေကို USB Storage အဖြစ် ကွန်ပျူတာနဲ့တွဲဖက်ပြီး အသုံးပြုနိုင်တယ်။တစ်နည်းဆိုရရင် USB Stick သဘောမျိုး အသုံးဝင်နေတယ်။

ရက်စွဲ နဲ့ လ တွေကို Noti ဘားပေါ် ဖိလိုက်ပြီး အလွယ်တကူ ကြည့်ရှုနိုင်တယ်။

မသိသေးတဲ့သူများအတွက်ပါ။ Tips တွေကတော့ အများကြီးရှိတယ်ဗျ။ အခုရေးတာတွေက ဖုန်းအများစုနဲ့ ကိုက်ညီမယ်ထင်လို့
ရေးပေးလိုက်တာပါ။ စမ်းကြည့်ကြဗျာ။
ဖုန်းအမျိုးစားပေါ်မူတည်ပြီး စမ်းသပ်တဲ့အခါ ရေးထားတဲ့ အနည်းငယ် ကွဲပြားနိုင်ပါတယ်။ အားလုံး အဆင်ပြေ ပျော်ရွှင်ပါစေလို့ ပြောကြားရင်း ...

ရှာ .. တွေ့ .. ဒေါင်း .. စမ်း .. ကြိုက် .. မျှ .. ပျော် .. နေတဲ့ ..
Print Friendly and PDF

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

TV သတင်းလေးကြည့်ရအောင်

မှာချင်တာလေးတွေမှာခဲ့ပါ

ပြောချင်ရာပြောခဲ့ပါ။

AddThis Smart Layers

AddThis

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အလည်လာသူ

Twitter Bird Gadget